တိုကျို ၁၈ ဇူလိုင်


လာမည့်နှစ်မှာ ကျင်းပမယ့် တိုကျို အိုလံပစ်အားကစားပွဲအတွင်းမှာ ဂျပန်နိုင်ငံမြို့တော်ကို ရောက်ရှိလာမည့် နိုင်ငံခြားသား ဧည်သည့်တွေကို ဝန်ဆောင်မှုပေးမယ့် ဟိုတယ်အခန်း မလောက်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့အတွက် ဇိမ်ခံသင်္ဘောတွေကို ရေပေါ်ဟိုတယ်အဖြစ် ပြောင်းလဲအသုံးပြုဖို့ စီစဉ်နေကြောင်း သိရပါတယ်။