Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရေးပေါ်သုံးစွဲရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတည်ပြု

ဂျီနီဗာ ဒီဇင်ဘာ ၂၀

 

အမေရိကန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Novavax မှ ထုတ်လုပ်သည့် Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရေးပေါ်သုံးစွဲရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုလိုက်ကြောင်း သိရသည်။

 

အစွမ်းထက်ထိရောက်မှုရှိ

၎င်းကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အစွမ်းထက်ထိရောက်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့အရေး ပေါ်သုံးစွဲရန် အတည်ပြုခဲ့ကြောင်း သိရသည်။

 

Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သာမန်ရေခဲသေတ္တာများ၌ သိုလှောင် သိမ်းဆည်းနိုင်သဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သုံးစွဲရန် သင့်တော်ကြောင်း သိရသည်။ Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထောက်ပံ့ရေး အစီအစဉ်ဖြစ်သည့် COVAX ၏ ပံ့ပိုး ကူညီမှုဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထောက်ပံ့ရေး အစီအစဉ်ဖြစ်သည့် COVAX သည် ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ နှစ်ဘီလီယံကို ဖြန့်ဖြူးနိုင်ရန် လျာထားခဲ့သော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လှူဒါန်းမှုများ ရပ်ဆိုင်းထားသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၇၀၀ ကိုသာ ဖြန့်ဖြူးပေးနိုင် ခဲ့ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ