နတ်မောက်မြို့၌ သပြေပန်းစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိ

နတ်မောက်   ဇန်နဝါရီ    ၂၂

မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့၊ စျေးရပ်ကွက်တွင် အာဆီယံသပြေ၊ ကံ့ကော်သပြေ၊ အောင်သပြေ၊ ပတ္တမြားသပြေ စသည့် သပြေပန်းမျိုးစုံ စိုက်ပျိုးရောင်ချသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

သပြေပင်များ စိုက်ပျိုးရာတွင် အပင်များသန်မာပြီး ကိုင်းဖြာမှုကောင်းစေရန်အတွက် သဘာဝမြေဩဇာ နွားချေးကို အခြေခံအဖြစ်အသုံးပြုကာ မြေအနေအထားပေါ်မူတည်ပြီး မြေပေါင်ပြုလုပ်၍ တစ်ပင်နှင့် တစ်ပင် သုံးပေကွာ စိုက်ပျိုးရပါတယ်၊ သပြေပင်တွေ စိုက်ပျိုးထားတာကတော့ ရှစ်နှစ်ရှိပါပြီ၊ အပင်ကတော့ ၃၀၀ စိုက်ပျိုးထားတဲ့အတွက် တစ်လ သပြေပန်း ရောင်းရငွေ ၈၀၀၀၀ ကျပ်ရပါတယ်”ဟု စျေးရပ်ကွက်နေ သပြေပန်း စိုက်ပျိုးရောင်းချသူ ဦးလှဦးဆွေ၏ ပြောပြချက်အရ သိရသည်။

လှဝင်း