နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ မြေပဲမျိုး နှစ်မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်  ပညာပေးသရုပ်ပြ

နတ်မောက် ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း စိုက်ပျိုးထားသော မြေပဲမျိုး နှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ဩဂုတ် ၂၆ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲအား တောင်ထောင့်ကျေးရွာနှင့် ကုန်းဇောင်းကျေးရွာမှ  တောင်သူ ၂၀ အား ဒေသနှင့် ကိုက်ညီမှုရှိသော မြေပဲများ၏ အရည်အသွေးလက္ခဏာများကို တောင်သူများ လက်တွေ့လေ့လာသိရှိ ရွေး ချယ်နိုင်စေရန်ရည်ရွယ် လက်တွေ့ပညာပေး သရုပ်ပြပွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး     ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

သင်းသင်းဝေ(နတ်မောက်)