နတ်မောက်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေများပေးအပ်

 

နတ်မောက် ဩဂုတ် ၁၁

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နတ်မောက်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစည်သူလွင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နတ်မောက်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၄ ဦးအတွက် တစ်ဦးလျှင် ကျပ် ၅၀၀၀၀ နှင့် သေဆုံးသူ ၁၃ ဦးအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀၀ တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးတို့က ဒဏ်ရာရရှိသူများနှင့် ကျန်ရစ်သူမိသားစုတို့ထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)