နတ်မောက်မြို့နယ်မှ ဝါးထရံရက်လုပ်ငန်းများ မိုးရာသီတွင်  အရောင်းကျဆင်း                                                         

နတ်မောက်  ၃၀ ဇွန် 

 

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မရပ်ကွက်၌ အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုသည့် ဝါးထရံလုပ်ငန်းသည် ပွင့်လင်းရာသီတွင် အရောင်းသွက်သော်လည်း မိုးရာသီမှာ အရောင်းကျဆင်းလျှက်ရှိနေကြောင်းသိရသည်။

 

 

“ကျွန်တော်တို့ ဝါးတွေကို နေပြည်တော် တောင်ညိုဘက်က ကြက်သောင်းဝါး တစ်ရာစည်း တစ်စည်းကို ကျပ်   ၇၀ဝ၀ဝ ဖြင့် ဝယ်ယူရပါတယ်။ ဝါးထရံရက် တစ်နေ့လုပ်အားခ ကတော့ နှီးဖြာသူ တစ်ဦးလျှင် ငွေကျပ် ၆၀ဝ၀၊ ထရံရက်သူတစ်ဦးလျှင် ငွေကျပ် ၄၀ဝ၀ ပေးရပါတယ်။ ကြက်သောင်း ဝါးတစ်လုံးကို ငွေကျပ် ၇၀ဝ  ကျသင့်ပြီး လေးတောင် ဆယ်တောင် ထရံတစ်ချပ်ကို ကြက်သောင်းဝါး (၄)လုံးကုန်ကျ၍ အထူ လေးတောင် ဆယ်တောင် ဝါးထရံ တစ်ချပ်ကို ငွေကျပ် ၁၁၀ဝဝ နှင့် အပါးတစ်ချပ်ကို ၇၅၀ဝ   ရောင်းချရပါတယ်၊ ဝယ်ယူသူတွေ အဆင်ပြေအောင် လိုချင်တဲ့ အတိုင်းအတာကို ရက်လုပ်ပေးပါတယ်” ဟုဝါးထရံ လုပ်ငန်းလုပ်ကိုင် သူဦးမင်းအောင်ထံမှ သိရသည်။

 

 

လှဝင်း (နတ်မောက်)

2429