နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရှိသူ ၇၀၈ ဦးထိရှိ               

နတ်မောက် သြဂုတ် ၁၈                                                                                   

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၇၀၈ ဦးအထိ ရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။        

 

နတ်မောက်မြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်မှစ၍ သြဂုတ် ၁၇ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၈၀၀ ရှိရာ အတည်ပြုလူနာများအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၇၀၈ ဦးအထိ ရှိလာကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။                                  

 

နတ်မောက်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေးခြင်း၊ နေအိမ်ပြင်ပသို့ သွားလာပါက ပါစပ်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်နှင့် မိမိပတ်ဝန်းကျင်တွင် ဖျားနာသူများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အမြန်ဆုံး သွားရောက်ပြသပြီး ဆေးဝါးကုသမှုများ ခံယူကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

 

ဖြိုးအိအိဇော် (နတ်မောက်)