နတ်မောက်မြို့နယ်တွင် သက်ကြီးဘိုးဘွားများနှင့် အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ လှူဒါန်း 

နတ်မောက်   ၆   နိုဝင်ဘာ       

မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာတွင် သက်ကြီးဘိုးဘွားများနှင့် အခြေခံ လူတန်းစားများအတွက် စားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီခန့်က ဖေးမမေတ္တာပရဟိတ လူမှုကူညီရေးအသင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာ ဖေးမမေတ္တာပရဟိတ လူမှုကူညီရေးအသင်းအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နေစဉ်အတွင်း အဆိုပါကျေးရွာရှိ သက်ကြီးဘိုးဘွား ၁၅၀ နှင့် အခြေခံ လူတန်းစား  ၁၆၀ စုစုပေါင်း  ၃၁၀  တို့အတွက် တစ်ဦးလျှင် ဆန်(၅)ပြည်၊ ဆီ(၁)ဘူး၊ ဆား(၁)ပိဿာ၊ ကြက်ဥ(၅)လုံးနှုန်းဖြင့် စုစုပေါင်း အခြေခံစားသောက်ကုန် (၄)မျိုးကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။     

 

အဆိုပါ ဖေးမမေတ္တာပရဟိတ လူမှုကူညီရေးအသင်းအနေဖြင့် ကျေးရွာအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကို  ဆက်လက်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းမေထွန်း(နတ်မောက်)