နတ်တလင်းမြို့နယ်အတွင်းရှိ တည်းခိုခန်းများ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ထားခြင်း ရှိ၊မရှိ လိုက်လံစစ်ဆေး

နတ်တလင်း  ၂၈ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ တည်းခိုခန်းများ သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ထားခြင်း ရှိ၊ မရှိ ယနေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးကြသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိရေး လုပ်ငန်း လိုင်စင်များ ပြည့်စုံမှန်ကန်ရေး မီးဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်အစီအမံများထားရှိရေး စသည့်အချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။

 

ဝင်းမြင့်-နတ်တလင်း