နူနိုဆန်းတို့စ်ကို ထုတ်ပယ်ပြီး ကွန်တီကို ခန့်အပ်ခဲ့တာနဲ့ပတ်သက်ပြီး စပါးအသင်းကို မော်ရင်ဟို မေးခွန်းထုတ်ခဲ့

နည်းပြမော်ရင်ဟိုဟာ စပါးအသင်းအနေနဲ့ နည်းပြ နူနိုဆန်းတို့စ် ကို ထုတ်ပယ်ဖို့ထက် အသင်းကို အကောင်းဆုံး တည်ဆောက်ဖို့ အချိန်အများကြီးပေးသင့်ကြောင်းပြောကြားခဲ့ပြီး နူနိုဆန်းတို့စ် ကို ထုတ်ပယ်ပြီး ကွန်တီကို ခန့်အပ်ခဲ့မှုနဲ့ပတ်သက်ပြီး စပါး အသင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

နည်းပြနူးနိုဆန်းတို့စ်ဟာ စပါးအသင်းနည်းပြဘဝမှာ ပရီမီယာလိဂ်ပွဲစဉ် ၁၀ ပွဲသာ တာဝန်ယူကိုင်တွယ် ခွင့်ရရှိခဲ့တာကြောင့် စပါးအသင်းရဲ့ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နည်းပြ မော်ရင်ဟိုက ဝေဖန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ မန်ယူအသင်းကို အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နူနိုဆန်းတို့စ်ကို ထုတ်ပယ်ခဲ့တာဖြစ်ပြီး နည်းပြမော်ရင်ဟိုလည်း ပြီးခဲ့တဲ့ဘောလုံးရာသီက စပါးအသင်း နည်းပြအဖြစ် ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကွန်တီဟာ အင်တာမီလန်အသင်းကို အီတလီစီးရီးအေဖလား ရယူပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဘောလုံး ရာသီကုန်မှာ အင်တာမီလန် အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ မြောက် လန်ဒန် ကလပ် စပါးအသင်းရဲ့ ဖိအားတွေရှိတဲ့ ထိုင်ခုံပေါ်ကို တက်ထိုင်ခဲ့တာဖြစ်တယ်လို့လည်း မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

ငွေကြယ်