နဝမအကြိမ်မြောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ရွက်လှေပြိုင်ပွဲနှင့် ၂၀၁၉ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့် အခမ်းအနား ကျင်းပ

ရန်ကုန် ၇  ဇူလိုင် 

 

နဝမအကြိမ်မြောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဖလား ရွက်လှေပြိုင်ပွဲနှင့် ၂၀၁၉ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ်ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်ခြင်း နှင့်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့ည ၆ နာရီခွဲ၌ ရန်ကုန်မြို့ အင်းယားကန် ရန်ကုန်ရွက်လှေအသင်းတွင် ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးတင် က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမိုးမြင့် က ပြိုင်ပွဲဝင်အသင်းများ၏ စပွန်ဆာများအား မိတ်ဆက်ပေးပြီး အထိမ်းအမှတ်  ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ် အဖွဲ့ဝင် Optimist Dinghy Association of Myanmar  ဥက္ကဋ္ဌဦးနေမျိုးအောင်၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်ဝင်းတို့က ၂၀၁၉ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ရွက်လှေပြိုင်ပွဲ Triathlon , Optimist Open Class , Laser Radial (Open) Class, Sharpic A Class , Rater Class   ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် Champion - Team Toshiba အသင်း၊ ရန်ကုန် ရွက်လှေအသင်းဥက္ကဋ္ဌ၊ မြန်မာနိ်ုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးတင် မှ အသင်းလိုက် ဒုတိယဆုရ Team YKKO  အသင်းနှင့် တပ်မတော်လှေလှော်ရွက်တိုက်ကော်မတီဥက္ကဋ္ဌ၊ မြန်မာနိ်ုင်ငံရွက်လှေအဖွဲကချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးတက်လွင်ထွန်း မှ တတိယဆုရ Team COB   အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များကို ချီးမြှင့်ပေးခဲ့ကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့် တို့မှ ၂၀၁၉ခုနှစ်၊ နဝမအကြိမ်မြောက် မြန်မာနိ်ုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလား ရွက်လှေ ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိသွားသည့် Team Toshiba  အသင်းအား တံခွန်စိုက်ဆုဖလားနှင့် အတူဆင့်ပွားဆုဖလားချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)