နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းဝန်း သစ်ပင်စိုက်ပွဲတော် ဟားခါး၌ ကျင်းပ

ဟားခါး ၃၀ ဇွန်

 

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းဝန်း စိမ်းလန်းစိုပြေရေး သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၃၀ ရက် နံနက် ၇ နာရီက အဆိုပါ ကျောင်းဝန်းအတွင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်နှင့် တာဝန်ရှိသူတို့က ပျိုးပင်များကို နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးနေမျိုးအောင်သို့ ပေးအပ်သည်။

 

ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့်  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၊ နည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသူများက ချယ်ရီပင်၊ တောင်ဇလပ်ပင်၊ မိုင်းဘောပင်၊ ရေသင်းဝေပင်၊ ယူကလစ်ပင်၊ မျောက်ငိုပင်နှင့် ဂျပန်ပိတောက်ပင် စုစုပေါင်းပျိုးပင် (၆၀၀)ကို သတ်မှတ်နေရာ၌ စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)