နယ်စပ်ဂိတ် မှ တစ်ဆင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ၉ သိန်းကျော် နီးပါး သီတင်း ၂ ပတ်အတွင်း ဝင်ရောက် လည်ပတ်

နေပြည်တော် ၉ မတ်

 

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ်ဝင် ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

 

 

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ မတ်လ (၈) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ ထွက်ပေါက်မှတစ်ဆင့် နေ့ချင်းပြန်ခရီးစဉ် လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည် (၃၄၀) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစု ပါဝင်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် (၄၃၅) ဦး၊ ဗီဇာဖြင့် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွားဧည့်သည် (၄၇၄) ဦးရှိ ကြောင်း သိရှိရပါသည်။

 

 

နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည်  တာချီလိတ်မြို့ရှိ အထင်ကရနေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသားကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းများသို့ သွားရောက် လည်ပတ်ကြပါသည်။

 

 

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာ စေတီ၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခိုကျောင်း၊ ဝတ်အင်း ကျောင်း၊ စွန်တောင်စေတီ၊ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ် ပင်တောင်၊ ကမ္ဘာအေးစေတီစသည့် အထင်ကရနေရာများသို့ သွားရောက် လည်ပတ်ကြပါသည်။

 

 

တာချီလိတ် နယ်စပ်ဝင်ပေါက်မှ တဆင့် ဝင်ရောက်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် အရေအတွက်မှာ ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မတ်လ (၈) ရက်နေ့အထိ နေ့ချင်းပြန် ခရီးသည် စုစုပေါင်းမှာ (၈၈၅၉၅၆) ဦး ဖြစ်ပြီး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည် စုစုပေါင်း (၁၄၈၈၄) ဦးနှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက် လည် ပတ်သည့် ခရီးသည် စုစုပေါင်း (၇၃၂၂) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။