နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများ ကျင်းပ

နေပြီတော် ဧပြီ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့ (မြန်မာ နှစ်ဆန်းတစ်ရက်နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ဇနီး ၊   ဒုတိယဝန်ကြီး ဗိုလ်ချုပ ဖြိုးသန့် နှင့် ဇနီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး ၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဇနီး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ နှင့် ဇနီးများ ၊  လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး နှင့် ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါ ကောင်ရေ ၁,၅၀၀ အား ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်တွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြသည်။

ထို့နောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်း မိသားစုများရှိ အသက် ၇၅ နှစ် နှင့်အထက် အဘိုး ၁၁ ဦး၊ အဘွား ၂၆ ဦး စုစုပေါင်း ၃၇ ဦး အနက် တက်ရောက်နိုင်သူ အဘိုး၊ အဘွား ၁၈  ဦးကို ပြည်ထောင်စုဝန်ကြီး နှင့်ဇနီးတို့ ဦးဆောင်၍ မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော် ကန်တော့ခဲ့ကြပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိုးဘွားများကို ရင်းနှီးစွာ ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။

သတင်းစဉ်