နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ထောက်ပံ့လှူဒါန်း

လွိုင်လင်၊ စက်တင်ဘာ ၁၂  

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလ ဝါဆိုသံဃာများ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးနှင့် အခြားဘာသာရေးကျောင်းများတွင်လည်း ကိုဗစ်ကာလ ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်စဉ် စားသောက်ရေးကိစ္စများ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများအား ဒေသအလိုက် ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယမန်နေ့တွင် လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး၊ ဦးဟန်ဝင်းအောင်မှ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အောင်မင်္ဂလာဝမ်အဲန် ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းခြင်းနှင့် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ စွန်းလွန်း ဝိပဿနာကမ္မဋ္ဌာန်းကျောင်းရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်လှူဒါန်းခဲ့သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်းရှိ အခြားဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းများသို့လည်း ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်