နယူးဇီလန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေရဲ့ လမ်းကြောင်းကို ရှာနေပေမယ့် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားလာ

၁၃ ဩဂုတ်

 

 

နယူးဇီလန်နိုင်ငံ အော်ကလန်းမြို့မှာ ဗိုင်းရပ်စ်ပိုး ပြန်လည်တွေ့ရှိပြီး ရောဂါပိုး တွေ့ရှိသူတွေနဲ့ ဆက်စပ်မှုရှိတဲ့ လမ်းကြောင်းကို ရှာနေပေမယ့် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားလာရာ ဗုဒ္ဓဟူးနေ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၃ ဦးထိရှိကြောင်း ထုတ်ပြန်ကြေညာပါတယ်။

 

 

အမျိုးသား ကျန်းမာရေးဌာမှ အကြီးအကဲ အက်ရှ်လေ ဘလွန်းဖီးဒ် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အသစ် ၁၃ ဦး ရှိကြောင်း၊ အခုပိုး တွေ့ရှိသူတွေဟာ ပထမဦးဆုံး ဗိုင်းရပ်စ်ပိုး ပြန်လည် တွေ့ရှိတဲ့ မိသားစုဝင် ၄ ဦးနဲ့ ဆက်စပ်မှု ရှိသူတွေဖြစ်ကြောင်း ပြောပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ အော်ကလန်းမြို့ကို သုံးရက်တိတိ မနေ့ကစပြီး အသွားအလာ ပိတ်ဆို့ ကန့်သတ်လိုက်ကြောင်းနဲ့ ဗိုင်းရပ်စ်ပိုး သွားလာလမ်းကြောင်းကို ကျန်းမာရေး လုပ်သားတွေက ရှာဖွေပြီး မြို့မှာ ဗိုင်းရပ်စ်ပိုး စစ်ဆေးရေးတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

 

 

 

ကလေးငယ် ၃,၀၀၀ ကျော် တက်ရောက် ပညာသင်နေတဲ့ နယူးဇီလန်က အထက်တန်း ကျောင်းတစ်ကျောင်းမှ ကျောင်းသား တစ်ဦးမှာလည်း ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေးဌာမှ အကြီးအကဲ ဘလွန်းဖီးဒ်က ပြောပါတယ်။

 

 

ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူနဲ့ ဆက်စပ်ပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များမယ်ဆိုတာ မျှော်လင့်ထားကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး အတွေ့အကြုံ ရှိသူတွေ အနေနဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေနဲ့ ဆက်စပ်သူတွေမှာ ပိုးတွေ့ရှိမှု များလာနိုင်ကြောင်း၊ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေကို အလျင်အမြန် ရှာဖွေဖို့ လိုအပ်ပေမယ့် နည်းလမ်းအတိုင်း စိတ်အေးအေးထားဖို့ လိုအပ်ကြောင်း ပြောကြားပါတယ်။

 

 

လူဦးရေ ၅ သန်း နေထိုင်တဲ့ နယူးဇီလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၂၂ ဦး သာရှိပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၅၈၉ ဦးရှိရာ ၁,၅၃၁ ဦး ပြန်လည်ကျန်းမာလာကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

2356