နယူးဇီလန်၌ ရေကန်အတွင်း လေယာဉ်ပျက်ကျ  လေယာဉ်မှူးသေဆုံး

၂၂ နိုဝင်ဘာ

 

နယူးဇီလန်နိုင်ငံတောင်ပိုင်း ခရစ်ချပ်မြို့တောင်ဘက်ရှိ အယ်လီဆာမာရေကန်၏ဘေးတွင် ယမန်နေ့ ညနေပိုင်းက Canterbury Aero Club ပိုင် Cessna 172 ပိုင် လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့သည်။

 

ထိုလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေယာဉ်မှူးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့သည်။

 

အပျက်အစီးများမှာ ကမ်းပါးတွင် ယနေ့အထိ ရှိနေသေးကြောင်း ဒေသန္တမီဒီယာများက ဖော်ပြသည်။

 

8

 

 

လေယာဉ်ပျက်ကျမှုမှာ ည ၁၀နာရီ ၁၅မိနစ်အချိန်ခန့်တွင် ဖြစ်ပျက်ခဲ့ပြီး ပေါက်ကွဲမှုနှင့်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းပြီး  ရဟတ်ယာဉ်တစ်စင်းမှ ကယ်ဆယ်ရန်လာခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေတစ်ဉီးက ပြောကြားခဲ့သည်။

 

လေယာဉ်တစ်စင်းသည် အယ်လီဆာမာ ရေကန်၏ ဘေးတွင် ပုံမှန်လေ့ကျင့်မှု ပြုလုပ်စဉ် ပျက်ကျ ခြင်းဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ၏ အကြီးမားဆုံး ကလပ်ဖြစ်သည့် Canterbury Aero Club အမှုဆောင်အရာရှိချုပ်ဖြစ်သည့် ဂျယ်မီဖိုဒ့်က ပြောကြားခဲ့သည်။

 

 

မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က အဆိုပါ ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်