နယူးယော့ခ်က အိမ်ကြွက်တွေမှာ ဗိုင်းရပ်စ်အသစ်များ တွေ့ရှိရ

နယူးယော့ခ် ၁၈ ဧပြီ

 

လူသားတွေကို ဖျားနာခြင်းကဲ့သို့ ရောဂါတွေဖြစ်ပွားစေနိုင်တဲ့ ဘက်တီးရီးယားကဲ့သို့သော မမြင်ရတဲ့ ဗိုင်းရပ်စ်တချို့ကို နယူးယော့ခ်က အိမ်ကြွက်တွေမှာ တွေ့ခဲ့ရတယ်လို့ လေ့လာမှုအသစ်တစ်ခုအရ အင်္ဂါနေ့ထုတ် ဂျာနယ်တစ်စောင်မှာ ရိုက်နှိပ်ဖော်ပြခဲ့ပါတယ်။ 

 

ကိုလံဘီယာတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးကျောင်း၊ ကူးစက်ရောဂါနှင့် ခုခံအားစင်တာက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

သုတေသနပြုသူတွေဟာ အန္တရာယ်ရှိပိုးမွှားတွေကို တစ်နေရာကတစ်နေရာ ကူးစက်စေသလား သိရဖို့ နယူးယော့ခ်တစ်ခွင်က  အဓိကမြို့ခံတွေရဲ့ အဆောက်အဦတွေက ကြွက် ၄၁၆ ကောင်ကို စုပြီး တစ်ဆယ့်သုံးလကျော်အတွင်း သုတေသနပြုခဲ့တာဖြစ်ပါတယ်။ 

 

နယူးယော့ခ်က အိမ်ကြွက်တွေမှာ လူသားတွေကို အဖျားရောဂါနဲ့  အစာအိမ် အူလမ်းကြောင်းရောဂါ ဖြစ်ပွားစေနိုင်တဲ့ shigella ၊ salmonella ၊ clostridium difficile နှင့် leptospira စတဲ့ ပိုးတွေ သယ်ဆောင်ထားကြောင်း အဏုဇီဝဗေဒ ဂျာနယ်တစ်စောင်မှ mBio လေ့လာရေးအဖွဲ့က အတည်ပြု ရေးသားခဲ့တာဖြစ်ပါတယ်။

 

ကြွက်တွေမှာ ဗိုင်းရပ် ၃၆ မျိုး သယ်ဆောင်ထားပြီး အများစုက ယခင်က မတွေ့ဖူးသေးတဲ့ ဗိုင်းရပ်စ်အသစ်တွေ ဖြစ်နေတယ်လို့ ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။

 

ဘာသာပြန် > မိုးမမ