နယူးယောက်၌ အနိမ့်ဆုံးလုပ်ခလစာကို တစ်နာရီ ၁၅ ဒေါ်လာတိုးမြှင့်

နယူးယောက်   ၇   ဇန်နဝါရီ

 

ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်သည့် ကြိုးပမ်းမှုတစ်ခုအနေဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ၂၀၁၉ ခုနှစ်အတွက် အနိမ့်ဆုံးလုပ်ခ လစာကို တစ်နာရီလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာသို့ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

အသစ်သတ်မှတ်လိုက်သည့် အနိမ့်ဆုံးလုပ်ခလစာသည် ဝန်ထမ်းအင်အား ၁၁ ဦးအထက်ရှိသည့် စီးပွားရေးလုပ်ငန်း အားလုံးအတွက် လုပ်အားခ တစ်နာရီ ၁၅ ဒေါ်လာရရှိမည်ဖြစ်ပြီး ထိုသို့သတ်မှတ်မှုသည် ၂၀၁၈ ခုနှစ်ကုန်ဆုံးသည့် နောက်ဆုံးရက်တွင် စတင်အသက်ဝင်ခဲ့သည်။

 

ဝန်ထမ်းအင်အား ၁၀ ဦးနှင့် အောက်ရှိသော လုပ်ငန်းများတွင် အနိမ့်ဆုံးလုပ်ခလစာသည် တစ်နာရီလျှင် ၁၃ ဒသမ ၅ ဒေါ်လာရရှိမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် မကုန်ဆုံးမီအထိ လူပေါင်း ၁ ဒသမ ၅ သန်း လုပ်အားခ မြင့်တက်သွားမည် ဖြစ်ကြောင်း နယူးယောက်မြို့ ငွေကြေးဌာန၏ ဖော်ပြချက်အရ သိရသည်။

 

လုပ်အားခတိုးမြှင့်ရေး ဆောင်ရွက်မှုသည် လွန်ခဲ့သော ခြောက်နှစ်အကြာက အသင့်စား စားသောက်ကုန် အလုပ်သမားများ စတင်လုပ်ဆောင်ခဲ့သည့် Fight for $ 15 လှုပ်ရှားမှု၏ ရလဒ်တစ်ခုဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ