ဩစတြေးလျ တောမီးငြှိမ်းသတ်ရန် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ် စေလွှတ်

၁၄ ဇန်နဝါရီ

 

ဩစတြေးလျတောမီးလောင်ကျွမ်းမှုကို ကူညီငြှိမ်းသတ်ပေးရန်အတွက် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ကို စေလွှတ်ရန်  စီစဉ်လျက်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ 

 

4


ယမန်နေ့က ဂျပန်နိုင်ငံ၏ နိုင်ငံတကာအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ကို စေလွတ်ပေးရန် ဩစတြေးလျ ပြောရေးဆိုခွင့်ရှိသူမှ  တောင်းဆိုခဲ့သည်ဟု ဆိုသည်။ 


စက်တင်ဘာလအတွင်းမှ စတင်လောင်ကျွမ်းခဲ့သည့် ဩစတြေးလျတောမီးသည် ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည်။ 


သြစတြေးလျမှ သယ်ယူပို့ဆောင်ရေး လေယာဉ်များနှင့်  မီးသတ်သမားများကို သယ်ယူပို့ဆောင်ပေးရန် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ကို တောင်းဆိုနိုင်ဖွယ်ရှိကြောင်း ဂျပန်နိုင်ငံတာန်ဝန်ရှိသူများက ပြောကြားခဲ့သည်။

 

4


SDF အဖွဲ့ဝင် ရှစ်ဉီး ပါဝင်သည့်  အချက်အလက်ရှာဖွေရေး အဖွဲ့သည် သဘာဝဘေးအန္တရာယ်နှင့် ဒေသတွင်း လိုအပ်သည့် သတင်းအချက်အလက်များ စုဆောင်းရန် ဩစတြေးလျနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။ 


အဆိုပါ အဖွဲ့အစည်းသည် ဒေသတွင်းရှိ ဩစတြေးလျအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။


အဆိုပါအဖွဲ့၏ ပထမအသုတ်သည် ယမန်နေ့ ညနေပိုင်းတွင် ထွက်ခွာသွားပြီဖြစ်သည်။ 

 

5


အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများအပေါ် အခြေခံပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ရန် လိုမလိုကို  ကာကွယ်ရေး၀န်ကြီးဌာနက ဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။

 

ကိုးကား-အန်အိတ်ခ်ျကေ

ဘာသာပြန်-မေဇော်ထက်