ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ   ဂျိုကိုဗစ်   ပါဝင်ယှဉ်ပြိုင်မည်

ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဂျိုကိုဗစ်ဟာ လာမယ့်နှစ်အတွင်းမှာ ကျင်းပမယ့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကိုးကြိမ်အထိ ချန်ပီယံဖြစ်ထား ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကိုးကြိမ်အထိ ချန်ပီယံဖြစ်ထားပြီး ယခုကျင်းပမယ့်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ရဲ့ ဖခင်က ပြီးခဲ့တဲ့လအတွင်းက ပြောကြားခဲ့ပေမဲ့ လက်ရှိမှာတော့ ပါဝင် ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံးသော ဂရန်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး ဂရန်းဆလမ်းချန်ပီယံဆုဖလားကို အကြိမ် ၂၀ အထိ ရယူဆွတ်ခူးထားတဲ့ ရော်ဂျာဖက်ဒဲရာကတော့ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲနဲ့ လွဲချော်မှာ ဖြစ်ပါ တယ်။

ပါဝင်ယှဉ်ပြိုင်မှာဖြစ် ကမ္ဘာ့အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ဗြိတိန်တင်းနစ်မယ် အမ်မာရာဒူကာနူ၊ ဗြိတိန် တင်းနစ်ကစားသမားတွေဖြစ်တဲ့ ကာမီရွန်နော်ရီးနဲ့ ဒန်အီဗန်တို့ကတော့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါ တယ်။

ငွေကြယ်