ဩစတြေးလျကမ်းခြေမှာ သောင်တင်နေတဲ့ ဝေလငါးကယ်တင်ရေး ပြီးမြောက်

၂၇ စက်တင်ဘာ

ဩစတြေးလျနိုင်ငံရဲ့ တောင်ပိုင်းရှိကမ်းခြေမှာ ဝေလငါးအုပ်လိုက် သောင်တင်ခဲ့ရာ နောက်ဆုံး တစ်ကောင်ကို ဒီနေ့(တနင်္ဂနွေနေ့)ကယ်လိုက်ကြောင်း သိရပါတယ်။

ဝေလငါး အကောင်ရေ ၄၇၀ ဟာ တက်စမေးနီးယားကမ်းခြေမှာ သောင်တင်ခဲ့ရာ အကောင်ရေ ၁၁၀ ကျော်ကို ခြောက်ရက်အတွင်း အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပေမယ့် ဝေလငါး ၃၆၀ သေဆုံးခဲ့ပါတယ်။

သေဆုံးနေတဲ့ ဝေလငါး ၃၆၀ ကို ကမ်းခြေရဲ့ ခြောက်မိုင်ပတ်လည်မှာ တွေ့ရှိပါတယ်။ သေဆုံးနေတဲ့ ဝေလငါးတွေကို ပင်လယ်ထဲမှာ မြုပ်နှံဖို့အတွက် လှေတွေနဲ့ ဆွဲချနေတာကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အဲဒီဒေသမှာ ဝေလငါးတွေ နောက်တစ်ကြိမ် သောင်တင်နိုင်ကြောင်း အစိုးရက သတိပေးနေပါတယ်။ တချို့တိရစ္ဆာန်တွေက ဒုတိယအကြိမ် သောင်တင်တတ်တဲ့အတွက် အခုလို သတိပေးနေတာ ဖြစ်ပါတယ်။

MDN

ကိုးကား - AFP