ဩစတေးလျနိုင်ငံတွင် ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်ပွား လူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

စက်တင်ဘာ ၁၅

ဩစတေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်တွင် ယမန်နေ့ညနှောင်းပိုင်းက ကျောက်မီးသွေးတွင် းပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူတစ်ဦးသေဆုံးပြီး အခြားနှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် အသက် ၆၀ အရွယ်လူတစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ယင်းနေရာမှာပင် သေဆုံးသွားခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့သူ နှစ်ဦးအနက် တစ်ဦးမှာ အခြေအနေဆိုးရွားကြောင်း အေဘီစီသတင်းဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကျောက်မီးသွေးတွင်း လုပ်ငန်းလည်ပတ်ခြင်းကို ခေတ္တရပ်ဆိုင်းထားသည်။

ကွင်းစလန်သယံဇာတဝန်ကြီး စကော့စတီဝပ်က ကျောက်မီးသွေးတွင်းတွင် လူသေဆုံးရခြင်းကို လက်မခံနိုင်ကြောင်းနှင့် ထိုဖြစ်ရပ်ကို စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို