ဩစတြေးလျတောမီး ငြိမ်းသတ်နိုင်ရေး နီကိုးကစ်မန်းနှင့် ခင်ပွန်းတို့ ဒေါ်လာငါးသိန်းလှူဒါန်း

၈ ဇန်နဝါရီ

 

ဟောလိဝုဒ်ကြယ်ပွင့် နီကိုးကစ်မန်းနဲ့ ကန်းထရီးအဆိုတော် ကိတ်အာဘန် တို့ဟာ ဩစတြေးလျတောမီးအတွက် လှူဒါန်းမှုပြုလုပ်ကြတဲ့ အနုပညာရှင် စာရင်းထဲမှာ ဝင်သွားကြပါပြီ။ သူတို့ဇနီးမောင်နှံဟာ ဩစတြေးလျမှာ တောမီးငြိမ်းသတ်နိုင်ရေး ကြိုးပမ်းနေကြတဲ့ မီးသတ်သမားတွေကိုကူညီဖို့ ရန်ပုံငွေ လှူဒါန်းခဲ့ကြပါတယ်။ ဩစတြေးလျတောမီးကြောင့် ထိခိုက်ခံစားရသူတွေ အားလုံးအတွက်လည်း ဆုတောင်းပေးပါတယ်လို့ အင်စတာဂရမ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ကျေးလက်မီးသတ်ဌာနကို အလှူငွေ ဒေါ်လာ ငါးသိန်း လှူဒါန်းခဲ့ပါတယ်။ နီကိုးနဲ့ ကိတ်အာဘန်တို့ဟာ ဩစတြေးလျ လူမျိုးတွေဖြစ်ကြပြီး ဆစ်ဒနီမြို့အပြင်ဘက်မှာလည်း ယာတော အိမ်ပိုင်ဆိုင် ထားပါတယ်။

 

ပြီးခဲ့တဲ့စနေနေ့တုန်းကလည်း အမေရိကန်ပေါ့အဆိုတော် ပင့်ခ်ဟာ ဩစတြေးလျတောမီးအတွက် အမေရိကန်ဒေါ်လာငါးသိန်း လှူဒါန်းသွားခဲ့ပါ သေးတယ်။ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဟုဂျေ ဂျက် မန်း၊ ဂျိုနသန် ဗန် နက်စ် အပါအဝင် အခြားသော အနုပညာရှင်တွေကလည်း ဩစတြေးလျတောမီး အတွက် လှူဒါန်းကြဖို့ တိုက်တွန်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဩစတြေး လူတောမီးကြောင့်လူပေါင်း ၂၃ ဦးသေဆုံးခဲ့ပြီး နယူးဆောက်ဝေးပြည်နယ်တစ်ခုတည်းမှာပင် နေအိမ်ပေါင်း ၁၃၀ဝခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

 

စီအင်န်အင်န်