One Direction အဖွဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပမည်ဟု လီယံပိန်းပြော

၁၂ ဧပြီ

 

One Direction အဖွဲ့၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲအဖြစ် ထူးခြားသည့်အစီ အစဉ်တစ်ခု ပြုလုပ်သွားရန် ရှိသည်ဟု One Direction အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သူ လီယံပိန်းကပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဖွဲ့ဝင်အချင်းချင်း စကားပြောဆို ဆွေးနွေးခဲ့ကြကြောင်း လီယံပိန်း က သည်ဆန်း သတင်းစာကို ပြောသည်။

 

One Direction အဖွဲ့ ကွဲသွားပြီးကတည်းက စိတ်ထိခိုက်ခံစားခဲ့ရသည့် ပရိသတ်များအတွက် စိတ်ကျေနပ်စရာ အစီအစဉ်ကောင်းတစ်ခုဖြစ်လာမည် ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ မည်သည့်အစီအစဉ်ဖြစ်မည်ကိုမူ လက်ရှိအချိန်တွင် ထုတ်ဖော်ပြောကြားရန် မဖြစ်နိုင်သေးကြောင်း၊ ယင်းအစီ အစဉ်တွင် အဖွဲ့သားအားလုံး ပြန်လည်ပါဝင်နိုင်ခြင်းရှိ မရှိကိုလည်း မပြောနိုင် သေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

၂၀၁၅ ခုနှစ်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သူဒိုင်ယန်အဖွဲ့မှ ဦးစွာထွက်သွားခဲ့ပြီးနောက် အဖွဲ့ဝင်ဟောင်းများနှင့် ပြန်လည်ပေါင်းစည်းခဲ့ခြင်း မရှိပေ။ လူးဝစ်၏ ပွဲဦးထွက် ဂီတဖျော်ဖြေပွဲတွင်လည်း ဇိုင်ယန်တစ်ယောက် တက်ရောက်ခဲ့ခြင်းမရှိသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ခဲ့ရကြောင်း လူးဝစ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။

 

ဟောလိဝုဒ်လိုက်ဖ်

ခြူး