ONE: REIGN OF VALOR ပြိုင်ပွဲကြီးတွင် ZEBAZTIAN KADESTAM သည် ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို GEORGIY KICHIGIN နှင့် ရင်ဆိုင်ကာကွယ်သွားမည်

၄ ဖေဖော်ဝါရီ

 

အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစား ပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိသော ONE Championship (ONE) သည် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပမည့် ONE: REIGN OF VALOR  ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းကို ကြေညာလိုက်ပြီ ဖြစ်သည်။ ထိုတွဲဆိုင်းတွင် ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်သူ ဆွီဒင်နိုင်ငံသား Zebaztian “The Bandit” Kadestam သည်  ကာဇစ္စတန်နိုင်ငံသား Georgiy “Knight” Kichigin နှင့် ယှဉ်ပြိုင်ကာ ၎င်း၏ ခါးပတ်ကို ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ထိုးသတ်သွားမည်ဖြစ်သည်။

 

Kadestam သည် ပြီးခဲ့သည့် နိုဝင်ဘာလက ရှုံးပွဲမရှိသော အမေရိကန်ကစားသမား Tyler McGuire ကို ပဉ္စမအချီတွင် အလဲထိုးပြီး လှလှပပ အနိုင်ယူကာ လစ်လပ်နေခဲ့သော ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံနေရာကို အရယူနိုင်ခဲ့သည်။ Kadestam သည် ဝယ်သာဝိတ်ချန်ပီယံနေရာကို ၎င်း၏ ပြင်းထန်လှပသော တိုက်ခိုက်မှုစွမ်းရည်ကိုပြသကာ ရယူနိုင်ခဲ့ပြီး  ယခုအခါ ဝါရင့်ကစားသမား Kichigin နှင့် ယှဉ်ပြိုင်ကာ ၎င်း၏ ONE ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားမည် ဖြစ်သည်။

 

Kichigin သည် ကာဇစ္စတန်နိုင်ငံ၊ Almaty မှ ကျော်ကြားသော နပမ်းကစားသမားတစ်ဦးဖြစ်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်စုံ ပြိုင်ပွဲမှတ်တမ်း (၂၀-၅) ရရှိထားပြီးဖြစ်ကာ အနိုင်ရရှိခဲ့သော ပြိုင်ပွဲပေါင်း ၂၀ တွင် ၁၆ ပွဲသည် ချုပ်ကွက်သုံးကာ အနိုင်ရရှိထားခြင်းဖြစ်သည်။ Kichigin သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ ရှုံးပွဲမရှိ အနိုင်ရရှိခဲ့ကာ ယခုအချိန်အထိ ပြိုင်ပွဲ ၁၄ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။ ထို့ကြောင့် ယခု ONE Championship ပြိုင်ပွဲကြီးတွင် ONE ဝယ်သာဝိတ်ချန်ပီယံခါးပတ်ကို စိန်ခေါ်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

ONE ကမ္ဘာ့ချန်ပီယံ စိန်ခေါ်သူဟောင်း Toni “Dynamite” Tauru သည် ပြိုင်ပွဲများမှ ခဏတာ အနားယူခဲ့ပြီး ကြိုးဝိုင်း အတွင်းသို့ ပြန်လည်ဝင်ရောက်လာတော့မည်ဖြစ်သည်။ Tauru သည် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ၎င်း၏ ONE Cham-pionship ပွဲဦးထွက်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့သော ဘန်တန်ဝိတ်ချန်ပီယံခါးပတ်အတွက် ကြိုးစားနေသော ကစားသမားကောင်း တစ်ဦးဖြစ်သည်။ Tauru အနိုင်ရရှိခဲ့သော ပြိုင်ပွဲပေါင်း ၁၁ ပွဲတွင် ၈ ပွဲကို ချုပ်ကွက်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြင့် ၎င်း၏ မြေပြင် ကစားကွက် ကျင်လည်မှုကို သက်သေပြလျက်ရှိသည်။

 

ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်၊ Williams Lake မှ Gary “Saint Lion” Mangat သည် SFL နှင့် Brave Combat Federation ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ကာ ယခုအခါတွင် ONE Championship ပွဲဦးထွက်ပြိုင်ပွဲ ယှဉ်ပြိုင်သွား မည်ဖြစ်သည်။ ၎င်းသည် တိုက်ခိုက်ရေးတွင် နှံ့စပ်ကျွမ်းကျင်သော နပမ်းသမားတစ်ဦးဖြစ်သလို 10th Planet ၏ ဂျူဂျစ်ဆု ကစားသမားတစ်ဦးဖြစ်သည်။ ပြီးခဲ့သော ပြိုင်ပွဲ ၃ ခုတွင် အနိုင်ရရှိထားသော Mangat သည် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကြီးတွင် Tauru ကို အနိုင်ရယူရန် ကြိုးဝိုင်းအတွင်းသို့ ရောက်လာတော့မည်ဖြစ်သည်။

 

Bozhena Antoniyar သည် မြန်မာနိုင်ငံ ကယားပြည်နယ်၏ မြို့တော်ဖြစ်သော လွိုင်ကော်မြို့တွင် ကြီးပြင်းခဲ့သူဖြစ်ကာ အသက် ၁၆ နှစ် အရွယ်မှစ၍ ကိုယ်ခံပညာကို လေ့လာလိုက်စားခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံ၏ အကောင်းဆုံး အမျိုးသမီးလက်ဝှေ့ကစားသမားတစ်ဦးဖြစ်သည့်အပြင် National Boxing Champion တွင် နှစ်ထပ်ကွမ်း လက်ဝှေ့ ချန်ပီယံတစ်ဦးလည်း ဖြစ်သည်။ ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်း၏ ONE Championship ပွဲဦးထွက် ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ပြီး ထိုပွဲတွင် ပြိုင်ဘက်ဖြစ်သူ ရွှေစင်ကို ၂၄ စက္ကန့်ဖြင့် အချိန်တိုအတွင်း အလဲထိုး အနိုင်ယူနိုင်ခဲ့၍ ONE အမျိုးသမီးပြိုင်ပွဲများတွင် အမြန်ဆုံး အလဲထိုးအနိုင်ယူနိုင်ခဲ့သော စံချိန်တစ်ခုတင်ခဲ့သည်။ 

 

Antoniyar နှင့် ယှဉ်ပြိုင်ရမည့် ကစားသမားမှာ မလေးရှားနိုင်ငံမှ Audreylaura “Ice Comet” Boniface ဆိုသူဖြစ်သည်။ Boniface သည် Sabah ၏ ကျော်ကြားသော Borneo Tribal Squad တွင် ဝါရင့်နည်းပြဖြစ်သည့် AJ “Pyro” Lias Mansor ၏ ကြီးကြပ်မှုအောက်တွင် လေ့ကျင့်လျက်ရှိသည်။ Boniface သည် Kota Kinabalu ရှိ ဆေးရုံတစ်ခုတွင် အရေးပေါ်ကုသဆောင်တွင် အချိန်ပြည့် လုပ်ကိုင်နေသော ဆရာဝန်တစ်ဦးဖြစ်သည်။ ၎င်းသည် ကိုယ်ခံပညာအားကစား ပြုလုပ်ခြင်းသည် စိတ်ဖိစီးမှုများကို လျှော့ချနိုင်သော နည်းလမ်းကောင်းတစ်ခုဖြစ်သည်ဟု တွေ့ရှိခဲ့သည်။ တိုက်ကွမ်ဒို ခါးပတ်နက်ရရှိထားသူ Boniface သည် Antoniyar နှင့် ONE ကြိုးဝိုင်းအတွင်းတွင် ယှဉ်ပြိုင်ကာ ပထမဆုံးအောင်ပွဲကို ရယူသွားမည်ဖြစ်သည်။ 

 

တက်သစ်စ ဖိလစ်ပိုင် ကိုယ်ခံပညာ ကစားသမား Jomary “The Zamboanginian Fighter” Torres သည် ပွဲဦးထွက် ပြိုင်ပွဲယှဉ်ပြိုင်မည့်ကစားသမား Lin “Fighting Sister” Heqin Lin “Fighting Sister” Heqin နှင့် ယှဉ်ပြိုင်ကာ ၂၀၁၉ ခုနှစ် အစကို ကောင်းမွန်သော အနိုင်ပွဲများနှင့် အစပြုရန် ကြိုးပမ်းလျက်ရှိသည်။ 

 

ပွဲဦးထွက်မှစ၍ ပြိုင်ပွဲ ၃ ခု ဆက်တိုက်အောင်နိုင်၍ ONE Championship ကစားသမားသက်တမ်းကို မြန်မြန်ဆန်ဆန် အစပြုခဲ့သော Torres အတွက် ၂၀၁၈ ခုနှစ်သည် ကံမကောင်းသော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ၎င်းသည် မကြာသေးခင်က ပြိုင်ခဲ့သော ပြိုင်ပွဲ ၂ ခုကို ရှုံးနိမ့်ထားခဲ့သည်။ Catalan Fighting Systems အားကစားရုံတွင်ဖိလစ်ပိုင် ဝါရင့်ကိုယ်ခံ့ပညာ နည်းပြ Rene Catalan ၏ ကြီးကြပ်မှုအောက်တွင် လေ့ကျင့်နေသော Torres သည် ယခုနှစ်တွင် အောင်မြင်မှုများကို ပြန်လည် အရယူသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်လာရန် ၎င်းသည် Heqin ကို အရင် အနိုင်ရအောင်ကစားရမည်ဖြစ်သည်။

 

အသက်၂၅ နှစ်အရွယ်ရှိပြီဖြစ်သော တရုတ်ကိုယ်ခံပညာကစားသမား Heqin သည် ပြိုင်ပွဲ ၅ ပွဲဆက်တိုက် အနိုင်ရရှိ ထားသော အလားအလာကောင်းသည့် တက်သစ်စ ကစားသမားတစ်ဦးဖြစ်သည်။ ၎င်းသည် ထိုးနှက်တိုက်ခိုက်မှုစွမ်းရည် အလွန်ကောင်းမွန်သူဖြစ်ပြီး ၎င်း၏ ကစားသမားသက်တမ်းတစ်လျှောက် ရရှိခဲ့သော နိုင်ပွဲ ၈ ပွဲတွင် ၅ ပွဲကို အလဲထိုး ကွက်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Heqin သည် ၎င်း၏ ONE ပွဲဦးထွက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အမျိုးသမီးအက်တမ်ဝိတ် ထိပ်တန်းကစားသမားထဲမှ တစ်ဦးဖြစ်သူ Torres ကို အနိုင်ရရမည်ဟု ကြွေးကြော်ထားသည်။ 

 

Tial Thang သည် ၎င်း၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ ပွဲဦးထွက်ပြိုင်ပွဲကို ခမာလက်ဝှေ့ ပြိုင်ပွဲမှတ်တမ်း (၁၁၀-၂၂) ရရှိထား သူ KWC ၃ ဖယ်သာဝိတ်ပြိုင်ပွဲ ဗိုလ်လုပွဲကစားသမားဟောင်း ကမ္ဘောဒီယား ခမာလက်ဝှေ့ကစားသမား Rin Saroth  နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Saroth သည် ၎င်း၏ ONE Championship ပွဲဦးထွက်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် ယှဉ်ပြိုင်ခဲ့ပြီး Mission Ali နှင့် Mario Satya Wirawan တို့ကို အနိုင်ရရှိခဲ့သည်။ Thang နှင့် Saroth တို့သည် ကတ်ချ်ဝိတ်တွဲဆိုင်းတွင် ရင်ဆိုင် ယှဉ်ပြိုင်သွားမည်။ 
မြန်မာ့ဂုဏ်ဆောင်ကစားသမား ဖိုးသော်သည် အင်ဒိုနီးရှားကစားသမား “The Iceman” Yohan Mulia Legowo နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

လက်ဝှေ့ကစားသမားဖိုးသော်သည် ၎င်း၏ ပထမဆုံးပြိုင်ပွဲ ၆ ပွဲကို အနိုင်ရရှိခဲ့ပြီး ထိုအထဲမှ ၅ ပွဲကို ခပ်ခွာခွာအနေအထား မှ အလဲထိုးအနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော အောက်တိုဘာလက ဖိုးသော်သည် ၎င်း၏ ကစားသမားသက်တမ်း တစ်လျှောက်၏ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီး ယခုအခါ အတွေ့အကြုံများသော ကိုယ်ခံပညာကစားသမား တစ်ယောက်ကို အနိုင်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။ 

 

အခြားတစ်ဘက်တွင်လည်း အင်ဒိုနီးရှား ကိုယ်ခံပညာ သိုင်းပေါင်းစုံလောကတွင် ရှေ့ဆောင် တစ်ဦးဖြစ်သူ Legowo သည် ONE Championship ၏ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ပြိုင်ပွဲမဝင်မီ နိုင်ငံတွင်းပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့သည်။ Legowo သည် ယခုပြိုင်ပွဲတွင် အနိုင်ရယူကာ ၎င်း၏ အတွေ့အကြုံ များ၏ အရေးပါပုံကို သက်သေပြသွားမည်ဖြစ်သည်။

 

ONE: REIGN OF VALOR ပြိုင်ပွဲကြီးတွင် ထပ်မံယှဉ်ပြိုင်မည့်တွဲဆိုင်းများကို မကြာခင်ရက်များတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း One Championship မီဒီယာထုတ်ပြန်ထားချက်အရ သိရသည်။ 

 

MDN

 

111