ပဲခူးမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် သဘာဝဘေးအန္တရာယ် ထိခိုက်ပျက်စီးသွားသော မိုးစပါးများ အတွက် ထောက်ပံငွေများပေးအပ်

ပဲခူး ၈ အောက်တိုဘာ

 

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်ကြီးတွင် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ၂၀၁၈ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် ပဲခူးမြို့နယ်အတွင်း ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ဧကများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ပဲခူးမြို့နယ်အတွင်းမှ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါး စိုက်ဧက ၁၄၂၉၆ ဧကနှင့် ရွေခရုကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ဧက ၆၉၈ ဧကတို့အတွက် တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးယဉ်ထွေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးတို့က သက်ဆိုင်ရာ တောင်သူများထံ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

 

8

 

အဆိုပါ ပေးအပ်ပွဲသို့ ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံ ပဲခူးမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန်ရွှေ၊ ပဲခူးတိုင်း စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပဲခူးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် ထောက်ပံငွေ လက်ခံရယူသည့် လယ်သမားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)