ပဲခူးမြို့နယ်၌ ခြံဝင်းတံခါးပြုပြင်ရန် မြေတူးဖော်စဉ် ဗုံးသီးဟောင်း (၇)လုံးတွေ့ရှိ

နေပြည်တော် ၁၉ ဧပြီ

 

ပဲခူးမြို့နယ်၊ ကလိကျေးရွာ၌ ဧပြီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ဗုံးသီးဟောင်း (၇)လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက်တွင် ပဲခူးမြို့၊ မြို့သစ်(ခ)ရပ်ကွက်နေ အောင်မျိုးသန့်(၂၃)နှစ် ခြံဝင်းတံခါးပြုပြင်ရန် မြေတူးဖော်စဉ် အလျား ၁၆ လက်မ၊ လုံးပတ် ၁၀ လက်မခန့်ရှိ ဗုံးသီးဟောင်း (၇) လုံး တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါဗုံးသီးတွေ့ရှိသည့် နေရာသို့ ပဲခူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး ဗုံးသီး(၇)လုံးအား နယ်မြေခံတပ်တွင် သိမ်းဆည်းထားရန်အတွက် သယ်ဆောင်သွားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား