ပဲခူးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄၁)ဦး ထပ်မံတိုးလာ

ပဲခူး ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ဇူလိုင် (၁၀)ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄၁)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများတွင် ပိုးတွေ့လူနာ (၁၄၁)ဦးနှင့် သေဆုံးသူ (၃)ဦးရှိပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိသူများရှိသဖြင့် ရောဂါကာကွယ် ထိန်းချုပ်ခြင်း၊ ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်စေနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးငြိမ်း(ခရိုင် ပြန်/ဆက်)