ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၄  အောက်တိုဘာ

 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်တား ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်း သိမ်းရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ကြရာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကျေးနန်း ရပ်ကွက်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်းဘေး ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား ဆိုဒ်စုံ (ဝ ဒသမ ၇၇၀၈)တန်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၇)မိုင်လမ်း၏ ယာဘက် တောအတွင်းနေရာနှင့် ပန်မူ-ဝူတန်သွားတောတွင်းနေရာရှိ ယာဉ်တို့ပေါ်မှ တရားမဝင် ကျွန်း/ ပိတောက်ခွဲသားဆိုဒ်စုံ၊ (၂ ဒသမ ၁၈၀၄)တန်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအကွက်အမှတ် (၆၁၊၆၂)နေရာတို့မှ တရားမဝင် ကျွန်းသစ်/ ခွဲသား/ခွဲခြမ်း/ဗုံတို (၇ ဒသမ ၂၂၄၆)တန် ၊ မြောက်ဇာမရီကြိုးဝိုင်းအကွက်အမှတ် (၆၅)နေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ်/ခွဲသား/ခွဲခြမ်း  (၁ ဒသမ ၈၇၆၆)တန်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက် (၅၅၊ ၅၈)နေရာတို့မှ တရားမဝင် ကျွန်းသစ်/ခွဲခြမ်း (၆ ဒသမ ၈၆၂၀)တန်နှင့် လုံးပတ် ၃ပေ အောက်ကျွန်းသစ် (ဝ ဒသမ ၆၂၆၀)တန်၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၁)၊ ရွှေညောင်ပင်(၁)လမ်းနေရာ၌ တရားမဝင်ကျွန်းသစ်/ခွဲခြမ်း/ (၆ ဒသမ ၉၀ဝ)တန်အား ဖမ်းဆီးရမိခဲ့သည်။

 

ထို့အပြင်စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှ-ကန့်ဘလူ ကားလမ်း၊ လိတ္တူကျေးရွာ၏ မြောက်ဘက်(၃)ဖာလုံခန့်အကွာ၊ တက်နေဝန်းဆီဆိုင် အနီး (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား  (၃ ဒသမ ၅၄၄၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်