ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁ သြဂုတ်


ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်ဖြင့် သတင်းပေးပို့ချက်အရ ဇူလိုင် ၂၆ ရက်မှ ၃၁  ရက်အတွင်း ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ် (၆၀)အတွင်း faw ယာဉ်ပေါ်မှ တရားမဝင် ကျွန်းသစ်/လုံးပတ် (၃)ပေအောက်ကျွန်းသစ် (၂ ဒသမ ၈၉၀ဝ)တန်၊ တရားခံ(၂)ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အနောက်စူဠာကျွန်း အနောက်ဘက်ရေပြင်တွင် စက်လှေ(၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၃၄ ဒသမ ၅၀၄၆)တန်အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲအပ်လာပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

 

1


ထို့ပြင် ရှမ်းပြည်နယ်(တောင်ကြီး)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်(ပူးတွဲ) ပင်လောင်း မြို့နယ်၊ ပင်လောင်း-ပျဉ်းမနားသွားကားလမ်း၊ မိုင်တိုင်အမှတ်(၄၇/၁)နှင့် (၄၇/၂) ကြားရှိတောတွင်းနေရာ ယာဉ်(၂)စီးပေါ်မှ တရားမဝင်ပိတောက်စကွဲယား (၂ ဒသမ ၁၇၃၄)တန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် တရော်ကျင်းကျေး ရွာအနီး၊ မုံရွာ-ယာကြီးလမ်း(၉/၃)အနီး တရားမဝင်ပိတောက်ခွဲသား (၁ ဒသမ ၃၃၇၂) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။ 


မောင်မောင်မျိုး