ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံများ လာရောက်လှူဒါန်း

ပဲခူး ၂၂ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် CIC ကုမ္ပဏီ(ဆေးရုံသုံး၊ ရောဂါကာကွယ် အဝတ်အထည် ထုတ်လုပ်ရေးစက်ရုံ)မှ PPE ဝတ်စုံများကို အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းက  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ တွင် လာရောက် လှူဒါန်းခဲ့သည်။

 

ရှေးဦးစွာ  CICကုမ္ပဏီ (ဆေးရုံသုံး၊ ရောဂါကာကွယ် အဝတ်အထည် ထုတ်လုပ်ရေးစက်ရုံ)မှ ဒါရိုက်တာ ဦးနေလက PPE ဝတ်စုံ(၁၀ဝ၀)အား ပေးအပ်လှူဒါန်းရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့‌ကြောင်းသိရသည်။

 

အဆိုပါ လှူဒါန်းရရှိသည့် PPE ဝတ်စုံများအား ပဲခူးတိုင်းဒေသကြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ‌ကော်မတီမှ သက်ဆိုင်ရာ မြို့နယ်အလိုက် စာရင်းဇယားများဖြင့် စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

တင်စိုး(ပဲခူး)