ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆွေးနွေး

မင်းလှ  ၂၁   နိုဝင်ဘာ  

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌  ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့မြေများ တိုးချဲ့ပေး‌ရေး၊ စက်မူလယ်ယာ‌မြေများ ဖော်ထုတ်ပေး‌ ရေး၊ ပုံစံ(၇)များအဆင်ပြေစွာ ထုတ်ပေးနိုင်ရေး၊  သိမ်းဆည်းခံမြေအမူတွဲများအားလုံး အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် ဒေသခံများအနေဖြင့် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက်ကျေးရွာများ၏ လိုအပ်ချက်များဖြစ်သော ကျေးလက်‌ဆေးပေခန်း၊ စာသင်‌ကျောင်းဆာင်သစ်‌ဆောက်လုပ်‌ပေးရေး၊ ကျေးရွာမီးလင်းရေး၊ မြို့မဈေးအတွင်း ဆိုင်ခန်းအလိုက် လျှပ်စစ်မီး သုံးစွဲခွင့်ရရှိ‌‌ရေးနှင့် လမ်း၊ တံတား၊ တာတမံ၊ ကုန်ထုတ်လမ်းအစရှိသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအား တင်ပြကြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က မင်းလှမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း ကလေးကစားကွင်း တည်ဆောက်ရန် အလှူငွေကျပ် (၁၀) သိန်းအား ပေးအပ်လှူဒါန်းခဲ့ကြောင်း၊  နိဂုံးချုပ်အမှာစကား‌ ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး၊ တိုင်း/ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာများမှ ဒေသခံပြည်သူများ ၅၀၀ ခန့်တတ်ရောက်ခဲ့ကြောင်းသိရသည်။

ပေါက်စ မင်းလှ