ပဲပုတ်နှင့် နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့

လွိုင်လင်၊  ၁၈  ဒီဇင်ဘာ

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ပဲပုတ်နှင့် နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

 

ထိုသို့ထောက်ပံ့ရာတွင် ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြက အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်က တက်ရောက်လာကြသော တောင်သူများအား နေကြာနှင့် ပဲပုတ်စိုက်ပျိုးနည်းစနစ်များအား ရှင်းလင်းပြောကြားကာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သော နေကြာမျိုးစေ့နှင့် မြေဩဇာများအား တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

ဝင်းမင်းသန့်(ပြန်/ဆက်)