ပဲရစ်မြို့မှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုများနေတဲ့အတွက်  ဘားနဲ့ကော်ဖီဆိုင်တွေ ဆက်လက်ပိတ်ထား

၅ အောက်တိုဘာ

 

ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်ရှိ ဘားနဲ့ကော်ဖီတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး စည်းမျဉ်းအရ အနည်းဆုံး ၁၅ ရက်ပိတ်ထားရမယ်လို့ သိရပါတယ်။

 

ဒါပေမယ့် စားသောက်ဆိုင်တွေကို ဆက်လက် ဖွင့်ခွင့်ပေးထားပေမယ့် တင်းကျပ်တဲ့ စည်းမျဉ်းအောက်မှာ လည်ပတ်ရမှာဖြစ်ပါတယ်။ ပဲရစ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ သတိပေးတဲ့အဆင့်မှာ ရောက်ရှိနေကြောင်း ဝန်ကြီးရုံးရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒီနေ့(တနင်္လာနေ့)မှာတော့ ပဲရစ်မြို့တော်ဝန်နဲ့ မြို့တော်ရဲအရာရှိချုပ်တို့က အခြေအနေကို ရှင်းပြမယ်လို့ သိရပါတယ်။

 

ပဲရစ်မြို့က ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ မြို့ရဲ့သင်္ကေတဖြစ်တဲ့ ကော်ဖီဆိုင်နဲ့ ဘာတွေကို လုံးဝပိတ်ဖြစ်မှသာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်သွားနိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးက ပြီးခဲ့သီတင်းပတ်အတွင်းက ပြောကြားခဲ့ပါတယ်။

 

တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၇,၀၀၀ နဲ့ သေဆုံးသူ ၄၉ ဦး ရှိကြောင်း သိရပါတယ်။

 

ပဲရစ်မြို့မှာ ပိုးတွေ့ရှိသူဟာ လူဦးရေ ၁ သိန်းမှာ ပိုးတွေ့ရှိ ၂၅၀ ကျော်ရှိနေကြောင်း သိရပါတယ်။

 

ပြည်ထဲရေးဝန်ကြီးက ပြင်သစ်တွေအတွက် ဘားနဲ့‌ကော်ဖီဆိုင်တွေ ပိတ်တာဟာ သိပ်ပြီး ခက်ခဲကြောင်း၊ ပြင်သစ်တွေအနေနဲ့ သောက်မယ်၊ စားမယ်၊ အပြုံးနဲ့နေတယ်၊ တစ်ယောက်နဲ့တစ်ယောက် အနမ်းပေးမယ် အဲဒီလို လူမျိုးအတွက် ခက်ခဲမယ်ဆိုတာ သိကြောင်း ပြောပါတယ်။

 

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံသူ ၆၁၉,၁၉၀ ရှိပြီး သေဆုံးသူ ၃၂,၂၃၀ ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP