ပွဲဦးထွက်ရုပ်ရှင်အတွက် ပြင်ဆင်နေတဲ့ ဟန်ဆိုဟီး

တောင်ကိုရီးယားမင်းသမီးတစ်ဦးဖြစ်သူ ဟန်ဆိုဟီးဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီးနောက် အများရဲ့အသိအမှတ်ပြုမှုကိုရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ လတ်တလောမှာ တော့ သူဟာ ပထမဆုံးသောရုပ်ရှင်ကို လက်ခံရိုက်ကူးဖို့ရာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဟန်ဆိုဟီးအနေနဲ့ Gentleman လို့ အမည်ပေးထားတဲ့ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဇူလိုင် ၆ ရက်မှာ သတင်းတွေပေါ်ထွက် လာခဲ့ပါတယ်။ ဟန်ဆိုဟီးဟာ အဆိုပါရုပ်ရှင်မှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်သွား ဖို့ရာ ကမ်းလှမ်းခံထားရတာဖြစ်ပြီး ယင်းရုပ်ရှင်ရဲ့ အဓိကဇာတ်ဆောင်မင်းသားအဖြစ် ဂျိုဂျီဟွန်းက ပါဝင်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေကို လာမယ့်ဩဂုတ်လအတွင်း စတင်သွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဟန်ဆိုဟီးဟာ JTBC ရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်သွားမယ့် ဇာတ်လမ်းတွဲ ရုပ်ရှင် Nevertheless မှာ ပါဝင်သရုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

အေးပြည့်