ပစ္စည်းသယ်ကရိန်းယာဉ် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

မြစ်ကြီးနား ၃ နိုဝင်ဘာ

 

ယနေ့နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၅)၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်းမကြီးပေါ်တွင် ပစ္စည်းသယ် ကရိန်းယာဉ် Canter ကားအမျိုးအစား (အဖြူရောင်)ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး သေဆုံးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

မီးလောင်ရာနေရာသို့ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုသားတစ်ဦး (သေဆုံး)အား မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ လူနာတင်ယာဉ်ဖြင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

MDN

ဓာတ်ပုံ- MFSD