ပေ ၁၅၀ ခန့်နက်သည့် ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက် လူတစ်ဦးသေဆုံး

မိုင်းယောင်း  ၂၀  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီက ပေ ၁၅၀ ခန့်နက်သည့် ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ရာ လူတစ်ဦးသေဆုံးသွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

4

 

ဖြစ်စဉ်မှာ မိုင်းယောင်းမြို့နယ်၌ KBZ Pay ဆိုင်ခွဲများ ဖွင့်လှစ်ရန်အတွက် နံနက် ၈ နာရီခွဲတွင် မိုင်းဖြတ်မှ မိုင်းယောင်းသို့ ရဲမင်း(၂၄ နှစ်)မောင်းနှင်ပြီး ဒေါ်နန်းခမ်းတစ်(၃၀) နှစ်နှင့် မဝတ်ရည်စံ(၂၄)နှစ်တို့ လိုက်ပါလာသည့် 4L-----Vegio(ခဲရောင်) လိုင်စင်ရှိယာဉ်သည် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ဖတ္တူကျေးရွာအနီးရှိ မိုင်းဖြတ်-မိုင်းယောင်း ကားလမ်းပေါ် မိုင်တိုင်အမှတ်(၃၆၅)အနီး လမ်းအကွေ့နေရာ အရောက်တွင် လမ်းချော်၍ လမ်းမ၏ ဝဲဘက်ရှိ ပေ ၁၅၀ ခန့်နက်သည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့သဖြင့် ဒေါ်နန်းခမ်းတစ်အား ဆေးကုသမှုခံယူရန် မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် လမ်းတွင် သေဆုံးသွားခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ရဲမင်းအား မိုင်းယောင်းမြို့မရဲစခန်မှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

စိုင်းယောင်းခမ်း