ပျော်ဘွယ်မြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်မှ ငွေများအား အလွဲသုံးစားပြုလုပ်သူ ဒုဘဏ်မန်နေဂျာအား အရေးယူထား

နေပြည်တော် ၁၉  ဇွန် 


မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကျီနီကျေးရွာနေ ကျီနီကမ္ဘာ့ရတနာ ဘဏ်ခွဲ မန်နေဂျာဖြစ်သူ ဦးကျော်မင်းဟန် (၇၅)နှစ်သည် ဧပြီလ ၈ ရက်နေ့တွင် ကမ္ဘာ့ရတနာ ဘဏ်ရုံးချုပ်၏ တာဝန်ပေးချက်အရ ပျော်ဘွယ်မြို့နယ်ရှိ ကျီနီဘဏ်ခွဲအားစစ်ဆေးရာ ကျီနီကမ္ဘာ့ရတနာဘဏ်ခွဲ ဒုမန်နေဂျာဖြစ်သူ ဦးခန့်သူ သည် အများပြည်သူ ယုံကြည်အပ်နှံငွေ ၅၀,၀၁၃,၃၄၅,၁၀၀ ကျပ်အား ကိုယ်ကျိုးအတွက် အလွဲသုံးစား ထုတ်ယူသုံးစွဲခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် အရေး ယူပေးရန်တိုင်တန်းချက်အရ ဦးခန့်သူအား ပျော်ဘွယ်မြို့မရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


ရဲပြန်ကြား