ပြောင်းစိုက်ခင်းမှ ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

စေတုတ္တရာ   ၇   မေ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ခြင်ပြစ်ကိုင်းကျေးရွာတွင် ပြောင်းစိုက်ခင်းမှ ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်၊ ခြင်ပြစ်ကိုင်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ပြောင်းစိုက်ပျိုးမှုအား (၁)ဧကလျှင် ပြောင်းမျိုးစေ့(၂)ပြည် ပထမဆုံးစမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပြီး  ပြောင်းမျိုးစေ့မချခင် မြေအစိုဓာတ်ရအောင် ရေတင်ပြီး ထွန်ယက်စိုက်ပျိုးရကြောင်း၊ တပေါင်းလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့ရာ (၂)လကျော်ကာလမှာ ပြောင်းဖူးများဈေးကွက်တွင် ရောင်းချနေရပြီဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း ပြောင်းစိုက်ခင်းမှ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခြင်ပြစ်ကိုင်းကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးအောင်နိုင်စိုးထံမှ သိရသည်။

 

ခင်သန်းလှိုင်(ပြန်/ဆက်)