ပေါက်မြို့နယ်၌ အခြေခံပညာကျောင်း(၂၅)ကျောင်း အဆင့်မြှင့်ဖွင့်လှစ်ခွင့်ရရှိ

ပေါက်   ၂၅  ဇွန်

 

မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံ ပညာကျောင်း ၂၅ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပညာရေးမှုးရုံးမှ သိရသည်။

 

အဆိုပါ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်းများမှာ စံဖဲကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ်လည်းကောင်း ၊ ကျောသာကျေးရွာနှင့် ကျောက်မဆင်ကျေးရွာတို့မှ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှစ်ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ်လည်းကောင်း ၊ဖအတော ကျေးရွာ ၊စခန်းလှကျေးရွာ ၊နတ်ဥယျာဉ်ကျေးရွာ ၊ မင်းကောင်းကျေးရွာ ၊သန်းတောအိုင့်ကျေးရွာ ၊ ချောင်းနားကျေးရွာ ၊ မိုးကောင်းကျေးရွာ ၊နဂါးပွတ် ကျေးရွာ ၊ချောင်းဝကျေးရွာ ၊ဘို့မယ်ကျေးရွာ ၊ဖလံကိုင်းကျေးရွာ ၊ကျွန်းတောကျေးရွာနှင့် ရေကျော် ကျေးရွာတို့မှ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၃)ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အဖြစ်လည်းကောင်း ၊ အင်ပင်ကျေးရွာ ၊ခင်တန်းရှည်ကျေးရွာ ၊ဆပန်ကျေးရွာ ၊ ကျွန်းကြီးကျေးရွာ ၊ မကျည်းစင်ကျေးရွာ တို့မှ အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းအား အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ်လည်းကောင်း ၊အင်းငယ် ဒေါင့်ကျေးရွာ ၊ ရှခွလေးကျေးရွာ ၊ အိုင့်ကျယ်ကျေးရွာတို့မှ အခြေခံပညာမူလတန်းကျောင်း(ခွဲ)(၃)ကျောင်းအား အခြေခံပညာ မူလတန်းကျောင်း အဖြစ်သို့လည်းကောင်း ၊ ထန်းပင်ချောင်းကျေးရွာ ကိုယ့်အားကိုယ်ကိုးကျောင်းအား အခြေခံမူလ တန်းကျောင်း(ခွဲ)အဖြစ်သို့လည်းကောင်း စုစုပေါင် (၂၅)ကျောင်းအား အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ခေတ်နှင့်အညီကျောင်းများ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခြင်းကြောင့် ယင်းကျေးရွာအနီးရှိကျေးရွာများမှ ကျောင်းသားကျောင်းသူများ အနေဖြင့် ပညာသင်ကြားရန် အခက်အခဲမရှိတော့ ပဲကျောင်းနေရွယ်ကလေးများအားလုံး ပညာရေးနှင့်ပတ်သက်၍ အဆင်ပြေစွာ လေ့လာဆည်းပူးသင်ယူခွင့် ရရှိတော့မည် ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

ဉာဏ်တိုး (ပြန်/ဆက်)