ပေကျင်းအိုလံပစ်အားကစားပြိုင်ပွဲနဲ့ ဆက်နွှယ်သူတွေထဲက ၃၂ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရ

ပေကျင်းအိုလံပစ်အားကစားပြိုင်ပွဲနဲ့ ဆက်နွှယ်သူတွေထဲက ဖေဖော်ဝါရီလ ၁ ရက်နေ့ တစ်ရက် တည်းမှာ ၃၂ ဦးအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲရဲ့ ပြိုင်ပွဲစီစဉ်ညွှန်ကြားရေးကော်မတီက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂ ဦးအနက် ၁၅ ဦးဟာ လေဆိပ်ကိုအသစ် ရောက်ရှိလာသူ တွေဖြစ်တယ်လို့လည်း အိုလံပစ်ပြိုင်ပွဲရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြထားပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေ ထဲက ကိုးဦးအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့လည်း အိုလံပစ်ပြိုင်ပွဲရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ငွေကြယ်