ပေကျင်းအိုလံပစ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိရေး မျှော်လင့်နေတဲ့ ၂၀၂၆ အိုလံပစ်အိမ်ရှင်ဖြစ်လာမယ့် အီတလီ

၂၀၂၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အီတလီနိုင်ငံဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိရေး မျှော်လင့်ထားတယ်လို့ အီတလီအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျီယိုဗန်နီမာ လာဂိုက ပြောကြား ခဲ့ပါတယ်။

အီတလီဟာ ပေကျင်းအိုလံပစ်အားကစားပြိုင်ပွဲမှာ ကစားသမား ၁၁၈ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ယခု သီတင်းပတ်အစောပိုင်းက ကြေညာခဲ့ပါတယ်။ ယခု ပေကျင်း အိုလံပစ်အားကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မယ့်အားကစားသမားတွေဟာ လွန်ခဲ့တဲ့လေးနှစ်က တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ကစားသမားတွေထက် ပိုမိုရလဒ် ကောင်းအောင် စွမ်းဆောင်နိုင်မယ်လို့လည်း အီတလီအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ မာလာဂိုက မျှော်လင့်ထားတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ အီတလီဟာ ရွှေတံဆိပ်ဆုသုံးခုအပါအဝင် ဆုတံဆိပ်စုစုပေါင်း ၁၀ ခုရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်