ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပခြင်းဖြင့် တရုတ်နိုင်ငံ၏ ဆောင်းရာသီ အားကစားများကိုပါ မြှင့်တင်ဖော်ဆောင်လျက်ရှိ

ကျင်းပနေသည့် ၂၀၂၂ ပေကျင်း ဆောင်းရာသီ အိုလံပစ်သည် တရုတ်နိုင်ငံ၏ ရေခဲပြင်နှင့် နှင်းလျှောစီး အားကစားအတွက် ဂုဏ်ဆောင် ပြယုဂ်တစ်ခုပင်ဖြစ်ကြောင်း တရုတ်သတင်းစာ တစ်စောင်ဖြစ်သော Lianhe Zaobao တွင် မကြာသေးမီက ဖော်ပြလိုက်သည်။

၂၀၂၂ ဆောင်းရာသီအိုလံပစ်လက်ခံကျင်းပနိုင်သလို တရုတ်နိုင်ငံသည် ၎င်း၏နောက်ထပ်ရေခဲပြင် နှင့် နှင်းလျှောစီးအားကစားကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဆောင်း ရာသီအားကစားတွင် လူသန်း ၃၀၀ ပါဝင်ရမည် ဟူသည့် ခံယူချက်ဖြင့်လုပ်ဆောင်လျက်ရှိသည်။

လွန်ခဲ့သောလက ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံသည် အဆိုပါ သတ်မှတ်ချက်ကို ကျော်လွန်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလကုန်တွင် ရေခဲပြင်နှင့် နှင်းလျှောစီးအားကစားပွဲသို့ လူပေါင်း ၃၄၆ သန်း ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် အဆင့်မီ စကိတ်စီးနေရာ ၆၅၄ ခုရှိပြီး မိုးလုံလေလုံစကိတ်စီးနေရာနှင့် ပြင်ပ နှင်းလျှောစီးနေရာ ၈၀၃ ခုကို ၂၀၂၁ ခုနှစ် နှစ်စကတည်းက တည်ဆောက်ခဲ့သည်။

တရုတ်နိုင်ငံ၏ ရေခဲပြင်နှင့် နှင်းလျှောစီးခြင်း လုပ်ငန်းသည် ၂၀၂၀ ပြည့်နှစ်ကုန်တွင် အမေရိကန် ဒေါ်လာ ၉၆ ဘီလီယံ (တရုတ်ယွမ် ဘီလီယံ ၆၀၀) ရရှိခဲ့သည်။

အလားတူဖော်ပြချက်တစ်ခုတွင် တရုတ်နိုင်ငံ၏ ရေခဲပြင်နှင့် နှင်းလျှောစီးခြင်းလုပ်ငန်းကို ၂၀၂၅ ခုနှစ် တွင် ပိုပြီးကောင်းမွန်သည့်အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ယင်းလုပ်ငန်းမှ ယွမ် တစ်ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၇ ဘီလီယံ)ရရှိရန်လျာထားသည်။

လင်းခေတ်ဆန်