ပေါက်တောမြို့နယ် ခိုင်သဇင်ပညာရေးငွေစုငွေချေး သမဝါယမအသင်း(လီမီတက်)က အသင်းသားများသို့ စုဆောင်းငွေပေါ်အတိုးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပေါက်တော၊ ၁၄ ဒီဇင်ဘာ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ခိုင်သဇင်ပညာရေးငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) က အသင်းသားများသို့ စုဆောင်းငွေပေါ်အတိုးနှင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အသင်းသားများ စားသုံးရန်အတွက် စားသုံးကုန်ပစ္စည်းများ ပေးအပ်သည့်အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသော လမ်းညွှန်ချက်များနှင့်အညီ ပေါက်တောမြို့နယ်ပညာရေးမှူးရုံးဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အသင်းသားဦးရေ(၁၁၁၅) ဦးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အထိ ၎င်းတို့ စုဆောင်းထားသော စုဆောင်းငွေကျပ် (၂၇၉.၈၂) သန်းအပေါ် စုဆောင်း ငွေပေါ်အတိုးငွေကျပ်(၂၃.၆၉)သန်းကို ထုတ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း အသင်း သား (၁၁၁၅)ဦးကို ဆီ(၅၀)ကျပ်သား၊ ဆား()ထုပ်၊ ဆပ်ပြာ()ဘူး၊ တန်ဖိုးငွေကျပ် (၃၀၀၀) ရှိသော စားကုန်နှင့် လူသုံးကုန်ပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ်(.၃၅)သန်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

MDN