ပေါက်တော နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းတို့တွင် ခိုလှုံနေကြသော အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက စတင်ထိုးနှံပေးသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်၌ IDPs စခန်း ငါးခု စုရပ်များဖြစ်သည့် ကြိမ်နီပြင် IDPs စခန်း၊ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ငှက်ချောင်း-၁(IDPs)စခန်း၊ ငှက်ချောင်း-၂(IDPs)စခန်းများ၌ ခိုလှုံနေကြသည့် ပြည်သူစုစုပေါင်း ၁၆၀၆ ဦးအား နိုဝင်ဘာ ၂၇ ရက်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်သန်း(ပြန်/ဆက်)