ပြေးလွှားခြင်းမှာ သုံးတဲ့ အကောင်းဆုံး ဖိနပ်တစ်ရံကို ဘယ်လိုရွေးချယ်မလဲ

ပြေးလွှားတဲ့နေရာမှာသုံးဖို့ မှန်ကန်တဲ့ဖိနပ်တစ်ရံ ရရှိခြင်း။


မိုးတွေရွာနေတဲ့ အချိန်မှာ သင်ကပြေးလွှားနေပြီး သင့်အိမ်ကိုရောက်တော့မယ့် လမ်းတစ်ဝက်မှာ ခြေချော်ပြီး ပြုတ်ကျသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်တာဟာ မြေမြင်က ချောနေခြင်းကြောင့်(သို့) သင်က ဂရုမပြုမိတာကြောင့် ဖြစ်နိုင်ပါတယ်။


ဒါပေမယ့် ပြေးလွှားတဲ့နေရာမှာ သုံးတဲ့ ဖိနပ်တစ်ရံဟာ အဆင်မပြေတဲ့ ဖိနပ်တွေ ဖြစ်တာကြောင့် ချော်လဲတာမျိုး ဖြစ်ဖူးပါသလား?


လူအများစုဟာ ဖိနပ်တွေကို ရွေးချယ်တဲ့နေရာမှာ ဈေးနှုန်းတွေနဲ့  အပြင်အဆင် အလှအပကိုပဲ ကြည့်ပြီး ဝယ်ကြပါတယ်။ အပြေးလေ့ကျင့်သူတွေကတော့ ဒီထက်ပိုပြီးသေချာ ရွေးချယ်ရပါမယ်။


ပြေးလွှားတဲ့နေရာမှာ သုံးဖို့ ကောင်းမွန်တဲ့ ဖိနပ်တစ်ရံကို ရွေးချယ်ရာမှာ အောက်ပါအချက်တွေနဲ့ သင့်တော်တာမျိုး ဖြစ်သင့်ပါတယ်။


ပြေးလွှားခြင်းနဲ့ ပတ်သက်ပြီး စဉ်းစားရာမှာ စဉ်းစားရမယ့် အချက် ၂ ချက် ရှိပါတယ်။ အဲဒါတွေကတော့ ဘယ်လို နေရာမှာပြေးမှာလဲ ဆိုတဲ့အချက်ရယ်၊ ဘယ်လိုပြေးမယ်ဆိုတာရယ်ပဲ ဖြစ်ပါတယ်။


ဘယ်လိုနေရာမှာ ပြေးမှာလဲ?


ဘယ်မှာပြေးမှာလဲ ဆိုတာကို စဉ်းစားပြီး ရှုးဖိနပ်တွေကို ခေါင်းစဉ်ခွဲကြည့်တဲ့ အခါမှာ ၃ ခု တွေ့ရပါတယ်။ road-running shoes ရယ် trail-running shoes ရယ် cross-training shoes ရယ်ဆိုပြီး ဖြစ်ပါတယ်။


road- running shoes တွေကို များသောအားဖြင့် လမ်းတွေ၊ ပလက်ဖောင်းတွေ၊ (သို့) သာမာန် ကွန်ကရစ် မျက်နှာပြင်တွေမှာပဲ ပြေးတဲ့သူတွေအတွက် အသုံးပြုနိုင်ပါတယ်။


ကွင်းပြင်တွေမှာ၊ ကျောက်တုံး ကျောက်ခဲ၊ ရွှံ့ စတာတွေ ပြည့်နေတဲ့ လမ်းကြောင်းတွေမှာ၊ ပတ်လမ်းတွေမှာ ပြေးတဲ့သူတွေ အတွက်ကတော့ ခြေလှမ်းပိုငြိမ်စေပြီး အကာအကွယ်ပေးနိုင်တဲ့ trail-running shoes တွေကို အသုံးပြုသင့်ပါတယ်။


နောက်ဆုံးတစ်မျိုး( cross-training shoes) ကိုတော့ Gym ကစားတဲ့သူတွေ (သို့) ကြွက်သားလေ့ကျင့်ခန်း လုပ်ဆောင်သူတွေအတွက် တီထွင်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမဆုံး အကြံပေးချင်တာကတော့ သင်ဘယ်ကို ဦးတည်သွားမယ်ဆိုတာကို စိတ်ထဲမှာ စဉ်းစားဖို့ပါ။


ဘယ်လိုပြေးမှာလဲ


သင်ပြေးတာနဲ့ ပတ်သတ်ပြီးရှင်းပြဖို့က အနည်းငယ်ရှုပ်ထွေးပါတယ်။ လူတွေမှာ ပြေးတဲ့ပုံစံ(သို့) ခြေထောက်ပုံစံ အဓိက ၃မျိုးရှိနိုင်ပါတယ်။ အဲဒါတွေကတော့ pronation ရယ်၊ overpronation ရယ်၊ underpronation ရယ် ဖြစ်ပါတယ်။ pronation ဆိုတာကတော့ ပြေးတဲ့အချိန်မှာ ခြေထောက်က အတွင်းဘက်ကို လိမ့်ပြီး ရွေ့လျားတဲ့ ပုံစံကို ခေါ်တာဖြစ်ပါတယ်။ overpronation ဆိုတာကတော့  ပြေးတဲ့အခါမှာ အခြားသူတွေထက် ခြေထောက်က အတွင်းဘက်ကို ပိုပြီးလိမ့်ဝင်သွားတာကိုခေါ်ပါတယ်။ ဒါ့ကြောင့် ခြေထောက်အတွင်းဘက်ထောင့်ကို ပွန်းစေနိုင်ပါတယ်။


သူနဲ့ ဆန့်ကျင်ဘက်ကတော့ underpronation ပါ။ ဒါ့ကြောင့် ပြေးဖို့ ဖိနပ်ရွေးတဲ့အခါမှာ ဒုတိယတစ်ချက် အနေနဲ့ စိတ်ထဲမှာရှိရမှာက  သင့်ရဲ့ ပြေးတဲ့ပုံစံ ပဲဖြစ်ပါတယ်။


သင့်အတွက် အဆင်ပြေမယ့် ဖိနပ်အမျိုးအစားကို သိရှိပြီးပြီဖြစ်တဲ့အတွက် အနီးဆုံးဆိုင်ကို သွားဖို့အချိန် ရောက်လာပါပြီ။ ဆိုင်အများစုမှာ သေချာလေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေရှိတဲ့အတွက် သူတို့နဲ့ သေချာ တိုင်ပင်နိုင်ပါတယ်။


ပြီးတော့ ဖိနပ်ဝယ်တဲ့အခါ အကူညီပေးနိုင်မယ့် အကြံကောင်းတချို့ကို အောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။


နေ့တစ်နေ့ရဲ့ နောက်ဆုံးနားမှာ ဖိနပ်ကို ဝယ်သင့်ပါတယ်။ သင့်ခြေထောက်ဟာ ညနေကနေ ညမမှောင်ခင် အချိန်အတွင်းမှာ အကြီးဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအချိန် သင့်ခြေထောက် အကြီးဆုံး ဖြစ်နေချိန်မှာ ဖိနပ်အသစ်တစ်စုံကို စမ်းဝတ်ကြည့်တာ အကောင်းဆုံးဖြစ်ပါတယ်။


ဝတ်ရတာ သက်တောင့်သက်သာရှိမယ့် ဖိနပ်တစ်စုံကိုရှာဖွေဖို့ ကြိုးစားပါ။ နောက်ကြာလာရင် ရှုးဖိနပ်တွေက ကြီးလာနိုင်တယ်ဆိုတဲ့ အရင်အယူအဆတွေကို ယုံပြီး မဝယ်မိပါစေနဲ့။ အဲဒါက လုံးဝ မမှန်ပါဘူး။


သင့်အတွက် သင့်တော်ကောင်းမွန်တဲ့ ဖိနပ်တစ်စုံသာဆိုရင် ဖိနပ်အသစ်တစ်ရံကို ဝတ်တဲ့အခါ အဆင်မပြေခြင်းကြောင့် အော်ဟစ်နာကြင်တာတွေခံစားရပြီးမှ ကောင်းမွန်တဲ့ ခံစားချက်ရတာမျိုး မဟုတ်ဘဲ စစချင်းဝတ်ကတည်းက ကောင်းမွန်တဲ့ ခံစားမှုမျိုးရှိမှာ ဖြစ်ပါတယ်။


လုံးဝကွက်တိဖြစ်နေတဲ့ ဖိနပ်တစ်စုံကို မရွေးချယ်ပါနဲ့။ ဖိနပ်ထိပ်နဲ့ သင့်ရဲ့ခြေမထိပ်ကြားမှာ ၁ လက်မ အကျယ်လောက်ရှိသင့်ပါတယ်။ အဲဒါမှ သင့်ခြေချောင်းလေးတွေလည်း ရွေ့လျားတဲ့အခါ လွယ်ကူ အဆင်ပြေမှာ ဖြစ်ပါတယ်။


ခြေထောက်ဖိအားကို ခံနိုင်ဖို့ လေဝင်နိုင်တဲ့ အပေါက်လေးတွေပါတဲ့ သက်တောင့်သက်သာ ရှိစေနိုင်မယ့် ကူရှင်ဖွဲ့စည်းပုံတွေကို စဉ်းစားသင့်ပါတယ်။ ဖိနပ်တစ်စုံချင်းစီမှာ မတူညီတဲ့ ဖွဲ့စည်းပုံ လေးတွေရှိတာကြောင့် ဆိုင်ဝန်ထမ်းတွေကို သေချာမေးပြီး သင်နဲ့ ဘယ်ဟာက အဆင်ပြေမယ်ဆိုတာကို လေ့လာကြည့်သင့်ပါတယ်။


နောက်ဆုံးအနေနဲ့ ဈေးနှုန်းကိုကြည့်နိုင်ပါတယ်။ ကောင်းမွန်တဲ့ ရှုးဖိနပ်တစ်ရံဟာ အရမ်းကြီး ဈေးမများသလို၊ အရမ်းလည်းဈေးမနည်းပါဘူး။


ဒါ့ကြောင့် ဈေးနှုန်းကိုကြည့်ပြီး ဈေးပေါတာဝယ်မိရင် နှစ်ပတ်လောက်လမ်းလျှောက်ပြီးတဲ့အခါ အသစ်တစ်စုံ ပြန်လဲလိုက်ရပါလိမ့်မယ်။


အထက်ပါအချက်တွေ အပြင် ဖိနပ်လေးရဲ့ သက်တမ်းကုန်ဆုံးတဲ့ နေ့ရက်ကိုလည်း သတိထားရပါမယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ချော်လဲမှုမျိုးအတိုင်း တကယ်မဖြစ်ပါစေနဲ့။ ဒီဖိနပ်တစ်ရံကို သင်မှတ်မိနိုင်တာထက် ကျော်လွန်ပြီး အသုံးပြုခဲ့ရင်၊ (သို့) ပျက်စီးသွားခဲ့ရင်၊ (သို့) သင်ဟာ အဲဒီရှုးဖိနပ်ကို ထပ်မဝတ်နိုင်တော့ဘူးလို့ ခံစားနေရပြီဆိုရင် လုပ်သင့်တာလုပ်ဆောင်ဖို့၊ ဖိနပ်ကို လွှင့်ပစ်ဖို့ မတွန့်ဆုတ်နေပါနဲ့။


ရေးသားသူ-Khine Phoo Ngon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-Dr. Kaung Thar


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”