ပေါင်မြို့ မင်္ဂလာစျေးတွင် အမွှေးတိုင်မှတစ်ဆင့်  ဆိုင်ခန်း ၄ ခန်း မီးလောင်မှုဖြစ်

ပေါင်  ၅  ဩဂုတ်

သထုံခရိုင်၊ ပေါင်မြို့ ကဒါရပ်ကွက်၊ မင်္ဂလာစျေးတွင် သြဂုတ် ၄ ရက် ည ၉ နာရီဝန်းကျင်ခန့်က အမွှေးတိုင်မီးမှတစ်ဆင့် စျေးဆိုင်ခန်း ၄ ခန်း မီးလောင်ခဲ့ကြောင်း သိရသည်။

“ညက ၉ နာရီကျော်လောက်မှာ စျေးထဲက ဗျောက်အိုးဖောက်သံလိုမျိုး ပေါက်ကွဲသံကြားလို့ ထွက်ကြည့်တာ စျေးဆိုင်ခန်းတချို့ မီးစွယ်တက်နေတာတွေ့တယ်။ စျေးဆိုင်ခန်း ၄ ခန်းတော့ မီးလောင် ခဲ့ပါတယ်။ ဆိုင်ကတော့ အထည်နဲ့အလှကုန်ပစ္စည်းတွေရောင်းတဲ့ဆိုင်ပါ”ဟု ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းရာသို့ ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်၊ ကဒါရပ်ကွက်ရှိ မီးငြှိမ်းသတ်ယာဉ်နှင့် ဒေသခံပြည်သူတို့မှ အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ဝင်းမင်းသန်း(ပြန်/ဆက်)