ပေါင်းတောင်ကူးကျေးရွာ၌ ကျေးရွာမြစိမ်းရောင်စီမံကိန်း ငွေကျပ်(၅၆၁) သိန်း ပဉ္စမအကြိမ် ထုတ်ချေး

ဒီပဲယင်း ၁၈  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ် (၅၆၁) သိန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ပေါင်းတောင်ကူးကျေးရွာတွင် ပဉ္စမအကြိမ် ထုတ်ချေးပေးခဲ့သည်။

 

4

 

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်စန်းစန်းလွင်က ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်စီမံကိန်းလေးနှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်း၊ အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ကျပ် သိန်း(၃၀၀)နှင့် အတိုးရငွေကျပ် (၂၆၁) သိန်း၊ စုစုပေါင်းငွေကျပ် (၅၆၁) သိန်းကို ကျေးရွာမြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

54

 

အဆိုပါကျေးရွာသည် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ပဉ္စမအကြိမ်တွင် ရန်ပုံငွေကျပ် (၅၆၁) သိန်းကို စိုက်ပျိုးရေးလုပ်ငန်းအတွက် (၁၀၄) ဦး၊ မွေးမြူရေးလုပ်ငန်းအတွက် (၂၂) ဦး၊ အရောင်းအဝယ်လုပ်ငန်းအတွက် (၇) ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် (၂) ဦး တို့ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)