ပေါ်တူဂီနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ်များအား ကာကွယ်ဆေးထိုးနှံပေးမှု စတင်

လစ္စဘွန်း ဒီဇင်ဘာ ၂၀

 

ပေါ်တူဂီနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ခဲ့ကြောင်း ပေါ်တူဂီကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်ရုံးက ပြောကြားသည်။

 

ကလေးငယ်စုစုပေါင်း ၄၁၂၀၀ ထိုးနှံပေး

အဆိုပါ အသက်အရွယ်ရှိကလေးငယ်များအား ကာကွယ်ဆေး စတင်ထိုးနှံပေးသည့်နေ့မှာပင် ကလေးငယ်စုစုပေါင်း ၄၁၂၀၀ အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ပေါ်တူဂီနိုင်ငံအစိုးရ၏ ခန့်မှန်းချက်အရ ကလေးငယ်စုစုပေါင်း ၇၇၀၀၀ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှုကို လာမည့်နှစ်ဖေဖော်ဝါရီ ၅ ရက်နှင့် မတ် ၁၃ ရက်အကြား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ပေါ်တူဂီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသည် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများ ဖြစ်ကြောင်း ပေါ်တူဂီ ကျန်းမာရေးဝန်ကြီး မာတာတီမီဒိုက ထုတ်ဖော်ပြော ကြားသည်။

 

ပေါ်တူဂီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၀၆၂ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၂ ဦး ထပ်မံ တွေ့ရှိကြောင်း ပေါ်တူဂီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်